Hayman Microfinance in Myanmar

ပုံထဲမှာမြင်တွေ့နေရတဲ့ အန်ကယ်ကတော့ ညောင်လေးပင်မြို့နယ်က သံပန်းလုပ်ငန်းရှင် ဦးမျိုးဝင်းထွန်းဖြစ်ပါတယ်။ အန်ကယ်တို့မိသားစုကတော့ သံပန်းလုပ်ငန်းကို လုပ်ကိုင်နေခဲ့တာ နှစ်ပေါင်း ၂၀ လောက်ရှိပါပြီ။ Hayman Capital နဲ့လက်တွဲပြီးတဲ့နောက်မှာ လုပ်ငန်းလည်ပတ်ရတာ ပိုမိုအဆင်ပြေလာတဲ့အတွက် ရေရှည်ဆက်လက်လက်တွဲထားမှာပါလို့ ပြောပြခဲ့ပါတယ်။

ဦးမျိုးဝင်းထွန်း, ဝန်ဆောင်မှုလုပ်ငန်း

ငယ်စဉ်ကတည်းက သစ်ပင်ပန်းပင် စိုက်ပျိုးရတာ ဝါသနာပါတဲ့ အဘ ဦးသိန်းလွင်ရဲ့ခြံမှာ ရာသီပေါ်သီးနှံတွေဆိုတာ စုံလို့ပါပဲ… လှည်းကူးမြို့နယ် နှုတ်ခမ်းမွှေးသိုက်ကျေးရွာတစ်ဝိုက်မှာဆိုရင် အဘခြံလေးဟာ စိမ်းစိမ်းစိုစိုနဲ့ နေပျော်စရာလေးလို့ လူသိများကြပါတယ်။

နှစ်ပေါင်း ၃၀ နီးပါး စိုက်ပျိုးရေးလုပ်ငန်းကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်လာခဲ့တဲ့ အဘက အခုလည်း Hayman Capital နဲ့ လက်တွဲပြီး နောက်တစ်ရာသီအတွက် သီးနှံတွေစိုက်ဖို့ ဟန်ပြင်နေပြန်ပါပြီ။
"အတိုးနှုန်းကလည်းနည်း လချင်း ငွေပြန်သွင်းတဲ့စနစ်နဲ့ဆိုတော့ အဘတို့လို စိုက်ပျိုးရေးသမားတွေအတွက် ငွေလည်ပတ်ရတာ အဆင်ပြေမှ ပြေပဲလို့" အဘ ဦးသိန်းလွင်က ပြုံးရယ်ရင်း ပြောပြခဲ့ပါတယ်။

ဦးသိန်းလွင်, စိုက်ပျိုးရေးလုပ်ငန်း

Hayman Capital နဲ့ လက်တွဲရင်း ပျော်ရွှင်နေတဲ့ နောက်ထပ် မိတ်ဆွေကတော့ လှည်းကူးမြို့နယ် ကျွန်းကလေးကျေးရွာက နို့စားနွား မွေးမြူရေး လုပ်ငန်းရှင် မအေးအေးခိုင်ဖြစ်ပါတယ်။

သူမကတော့ နို့စားနွား မွေးမြူရေး လုပ်ငန်းကို မိဘတွေ လက်ထက်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး မွေးမြူရေး လုပ်ငန်းနဲ့ ပတ်သတ်ပြီး အကျွမ်း တဝင် ရှိတာ ၂၅နှစ်ခန့်ရှိပြီလို့ ဆိုပါတယ်။ လက်ရှိမှာ နွားကောင်ရေ ၁၃ ကောင်မွေးမြူရေးထားပြီး အိမ်မှာနေရင်း မိသားစုဝင်ငွေ တိုးအောင် ကြိုးပမ်းနေသူတစ်ဦး ဖြစ်ပါတယ်။ "၂၀၁၆ ခုနှစ်မှာ Hayman နဲ့ လက်တွဲပြီးနောက် နို့စားနွားတွေအတွက် ကောင်းမွန်တဲ့ အာဟာရတွေ ပိုမိုဖြည့်တင်း ပေးလာနိုင်တာကြောင့် နို့စားနွားမတွေဆီက နေ့စဉ်နွားနို့ပိသာချိန်ပေါင်း များစွာရရှိလာတယ်။ အဲ့ဒါက မိသားစု ဝင်ငွေတိုးဖို့အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေတယ်" လို့ ရင်တွင်းစကားသံတွေ မျှဝေခဲ့ပါတယ်။

မအေးအေးခိုင်, ကုန်ထုတ်လုပ်မှုလုပ်ငန်း

အန်ကယ်ဦးအောင်မြင့်စိန်တို့ မိသားစုဟာ ဟေမန်နဲ့ လက်တွဲခဲ့တာ နှစ်နှစ်ခန့်ရှိပြီ ဖြစ်ပါတယ်။ သူတို့ရဲ့အဓိက လုပ်ငန်းကတော့ "နေလင်းအောင်" အိုးရောင်းဝယ်ရေးလုပ်ငန်း ဖြစ်ပါတယ်။ Hyaman Capital နဲ့ လက်တွဲထားတဲ့ client တွေအနက်အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပြီး အိုးလုပ်ငန်းဟာ ခရီးသွားတွေရဲ့ မျက်စိကျ လည်ပတ်ရာ စိတ်ဝင်စားဖွယ် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဟေမန်ကတ်ပီတယ်နဲ့ လက်တွဲထားတဲ့ လုပ်ငန်းအများစုဟာ ကုန်သွယ်လုပ်ငန်းတွေဖြစ်ကြပါတယ်။ လက်တွဲပြီးတဲ့နောက် အောင်မြင်မှုကိုယ်စီ ဖြစ်သွားကြတဲ့ လုပ်ငန်းစုတွေကို မြင်တွေ့ ရတာ အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်။

ဦးအောင်မြင့်စိန်, ကုန်သွယ်လုပ်ငန်း

If you have any query for related loans ... We are available

Contact us!