Hayman Microfinance in Myanmar

Natural Disaster

  • news136
  • news135
  • news134
  • news133
  • news132

CSR is crucial activity that should be carried out along with every business. In carrying out microfinance business of Hayman Capital is not only giving financial services but also carrying out CSR activities in environments of its branches open.

As a prominent activities of CSR, Hayman Capital opened one month basic sewing training cooperated with Ministry of Social Welfare Department at Kyakhattawra Monastery, Bago Region.

Totally (40) trainees from the clients and their families who enthusiastic in learning basic sewing attended it. That training aims somehow to advantage their career and income increment purpose for their families.

 


Education

CSR is crucial activity that should be carried out along with every business. In carrying out microfinance business of Hayman Capital is not only giving financial services but also carrying out CSR activities in environments of its branches open.

As a prominent activities of CSR, Hayman Capital opened one month basic sewing training cooperated with Ministry of Social Welfare Department at Kyakhattawra Monastery, Bago Region.

Totally (40) trainees from the clients and their families who enthusiastic in learning basic sewing attended it. That training aims somehow to advantage their career and income increment purpose for their families.

 

  • news136
  • news135
  • news134

Training

  • news136
  • news135
  • news134
  • news133
  • news132
  • news131

CSR is crucial activity that should be carried out along with every business. In carrying out microfinance business of Hayman Capital is not only giving financial services but also carrying out CSR activities in environments of its branches open.

As a prominent activities of CSR, Hayman Capital opened one month basic sewing training cooperated with Ministry of Social Welfare Department at Kyakhattawra Monastery, Bago Region.

Totally (40) trainees from the clients and their families who enthusiastic in learning basic sewing attended it. That training aims somehow to advantage their career and income increment purpose for their families.

 

donation-flood

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခွန်ခွဲမှု ကော်မတီ တွင် ဟေမာန် ကက်ပီတယ်လ်မှ ပါဝင်လှူဒါန်းခြင်း အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ

donation-of-water

ဟေမာန်ကက်ပီတယ်လ် အသေးစား ငွေရေးကြေးရေးလုပ်ငန်း သည် ရှမ်းရွာရှိ အလယ်တန်းကျောင်းအတွက် သောက်ရေတွင်း လှူဒါန်းခြင်း ဂုဏ်ပြုမှတ်တမ်းလွှာ

donation-roofing-school

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ် ပေါက်တောကျေးရွာ ၊ အခြေခံ ပညာ အလယ်တန်းကျောင်း (ခွဲ) တွင် ကျောင်းဆောင်သစ် အတွက် အမိုး လှူဒါန်းခြင်း ဂုဏ်ပြုမှတ်တမ်းလွှာ

  • ခြုံငုံသုံသပ်ခြင်း
  • ရည်ရွယ်ချက်
  • စည်းမျဉ်းများ
  • CSR လုပ်ဆောင်ချက်များ
  • စီမံခန့်ခွဲမှုအခန်းကဏ္ဍ
  • CSR စီမံကိန်းများ

(၁) ဟေမာန်ကက်ပီတယ် ကုမ္ပဏီလီမိတက် – လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အောက်တွင် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက် လုပ်ကိုင်နေသည်။(ယခုမှစ၍ MFI ဟုရည်ညွန်းဖော်ပြမည်ဖြစ်သည်။
(၂) လူမှုရေးဆိုင်ရာ တာဝန်များတွင်ပူးပေါင်းဆောင်ရွက်ခြင်း သည် MFI အနေဖြင့် မိမိလုပ်ငန်းဆောင်ရွက်နေသော လူ့အဖွဲ့အစည်း များနှင့် ပတ်ဝန်းကျင်များတွင် အရေးကြီးသော ဆောင်ရွက်ရမည့်တာဝန် ဖြစ်သည်။ MFI သည် မိမိ၏စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာတွင် တာဝန်ယူ ဆောင်ရွက်ခြင်း ၊ မျှတမှုရှိခြင်း ၊ ပွင့်လင်းမြင်သာသော လုပ်ဆောင်မှုများ ဖြင့် ဆောင်ရွက်လျှက် ရှိသည်ဟု ယုံကြည်ထားသည်။ ၎င်း၏ လုပ်ငန်း ဆောင်ရွက်နေသော ပတ်ဝန်းကျင်နင့် လူ့အဖွဲ့အစည်းများတွင် အကျိုးစီးပွား ဖြစ်စေရမည်ဟူသော ရည်ရွယ်ချက်ထား ရှိပါသည်။ MFI အနေဖြင့် စီးပွားရေး နှင့် လူမှုဖွံံ့ဖြိုး တိုးတက်ရန် အရေးကြီးသော ကဏ္ဍများကို ရှေ့ဆက်ဗဆာင်ရွက်သွားမည်။

(၁) MFI ရှယ်ယာရှင်များ၏ ဆန္ဒများကို ဖော်ဆောင်ရန် ၊ MFI အား လူမှုရေးလုပ်ငန်း နှင့် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စများတွင် တာဝန်ရှိသော ကုမ္ပဏီဖြစ်ရန် ဖော်ဆောင် ဖန်တီးရန်။
(၂) အခြေခံကျသော လူမှုရေးဆိုင်ရာများ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကို MFI ဝန်ထမ်းများ ၊ ၎င်း၏ ငွေချေးဖောက်သည်များ ၊ (၃) MFI နှင့် အကျိူးတူ ပူးပေါင်းဆောင်ရွက်သူများအားလုံးသည် ၎င်းတို့၏ထာဝန်များပြီးမြောက်အောင် ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်ကမ်းများနှင့်အညီဆောင်ရွက်စေရန်။
(၄) MFI မှ ၎င်း၏ ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ရာတွင် အဓိကလေးစား လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို ချမှတ်ပေးရန်။
ဤမူဝါဒချမှတ်ခြင်းဖြင့် MFI ၏ လုပ်ဆောင်မှုများသည် လူမှုရေးလုပ်ငန်းတွင် အကျိူးတက်ရောက်မှုရှိစေရန် နှင့် ပတ်ဝန်းကျင်ဆိုင်ရာများတွင် တန်ဖိုးထားတတ် စေရန်။

CSR’s မူဝါဒဆိုင်ရာ အခြေခံစည်းမျဉ်းများသည် အောက်ပါအတိုင်း ဖြစ်သည်။

(၁) မြန်မာနိုင်ငံတွင်းပြဌာန်းထားသော ပြည်တွင်း စည်းမျဉ်းများ/ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထုတ်ပြန်ထားသော စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက် ရန်။ တာဝန်တစ်ရပ်အနေဖြင့် MFI သည် ပြည်တွင်းစည်းမျဉ်းများ နှင့် အမျိုးသားအကျိူးစီးပွားရေးဆိုင်ရာ စည်မျဉ်းများကို လိုက်နာဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုမျှမက MFI သည် ပတ်ဝန်းကျင်ဆိုင်ရာပြဌာန်းချက်များ၊ လူမှုရေး နှင့် စီးပွားရေးဆိုင်ရာ ပြဌာန်းချက်များကို မိမိ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက် နေသမျှကာလတွင်း အလေးထား လိုက်နာဆောင်ရွက်သွားမည်။
(၂) အပြည်ပြည်ဆိုင်ရာသတ်မှတ်ချက်များ နှင့် အညီ လူသားအခြေခံ နှင့် လူမှုရေးဆိုင်ရာ စည်းမျဉ်းများ ကိုလေးစား လိုက်နာဆောင်ရွက်ရန်။ MFI သည် ကမ္ဘာ့ ကုလသမဂ္ဂ၏ ကြေငြာထုတ်ပြန်ထားသော လူ့အခွင့်ရေးဆိုင်ရာဥပဒေများ ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း၏ သဘောတူညီချက်များကို သဘောတူလိုက်နာ ဆောင်ရွက်သွားမည်။ MFI သည် ၎င်း၏ ငွေချေးသူများ၊ လုပ်ငန်း အကျိုးတူဆောင်ရွက်သူများအား စည်မျဉ်း ဥပဒေများကိုလိုက်နာ ဆောင်ရွက် ကြရန် အားပေးတိုက်တွန်း သွားမည်။
(၃) သဘာဝပတ်ဝန်းကျင်ဆိုင်ရာထုတ်ပြန်ထားသော သတိထားဆောင်ရွက်ရမည့် အရာများကို ဝန်ထမ်းများ နှင့် ငွေချေးသူများ အကြားတိုးမြင့် လုပ်ဆောင်ရန်။ ပတ်ဝန်း ကျင်ဆိုင်ရာ ဆိုးကျိူး တက်ရောက်မှု လျှော့နည်းစေရန်အတွက် MFI အနေဖြင့်မိမိ၏ ငွေချေးသူများ၏ ဆောင်ရွက်ချက်များ သည်ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုရှိမရှိအကဲဖြတ်စိစစ်သွားမည်။အချိန်နှင့်တပြေးညီလုပ်ဆောင်ရာတွင်ဘာသာရပ်ဆိုင်ရာအထူး ကျွမ်းကျင် သော အဖွဲ့အစည်းများ နှင့် တိုင်ပင်ဆွေးနွေး ပြီးဆောင်ရွက်သွားမည်ဖြစ်သည်။ ပတ်ဝန်းကျင် သဟဇာသ ကိုက်ညီသည့် လက်တွေ့ကျသောအရာများ ဆောင်ရွက်ရန် အားပေးလုပ်ဆောင် သွားမည်။

(၁) မိမိ၏လုပ်ငန်းလည်ပတ်ဆောင်ရွက် နေသော လူမှုအဖွဲ့အစည်း နှင့် ပတ်ဝန်းကျင်များတွင် အဓိက စီးပွားရေးဖွံံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မှုအဆင့်ဆင့် များအတွက် CSR လမ်းညွန်မှု များကို ချမှတ်ရန်။ မြန်မာနိုင်ငံအတွင်း MFI ၏ဆောင်ရွက်ချက်များ အားဖြင့်ရေရှည်တွင် လူမှုအဖွဲ့အစည်းများ နှင့်ပတ်ဝန်း ကျင်ဆိုင်ရာ တိုးတက်မှုများ အလျှင်အမြန်တိုးမြင့်ရန် ရည်ရွယ်ချက်ထား ရှိသည်။
(၁) ဤမှုဝါဒချမှတ်ခြင်းအားဖြင့် MFI သည် စီမံချက်များ၊ အစီစဉ်များလုပ်ဆောင်ရာတွင် အခြေနေအမျိုးမျိုး နှင့် အခက်အခဲ အမျိုးမျိုးတွင် အခက်အခဲမရှိ ကျယ်ကျယ်ပြန့်ပြန့် ၊ လွတ်လွတ်လပ်လပ်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ MFI အနေဖြင့် ၂၀၁၆-၂၀၁၈ ကာလအတွင်း အောက်ဖော်ပြပါ လုပ်ဆောင် ချက်များကို ဆောင်ရွက်ရန် စီမံထားရှိပါသည်။
(၂) ပညာရေးဆိုင်ရာ တိုးတက်မြင့်မားရေး၊ အဖွဲ့အစည်းများအားအလေးထားခြင်း၊ ကလေးသူငယ်များ ကူညီစောင့်ရှောက်ခြင်း၊ ကိုယ်ရည်ကိုယ်သွေး အမျိုးမျိုုးရှိသူများ၏ ပြန်လည်ထူထောင်ရေး၊၊ အမျိုးသမီး-အမျိုးသား တန်းတူအခွင့်အရေး၊ အမျိုးသမီးများအား လုပ်ပိုင်ခွင့်နှင့် အသက်မွေးမှု လုပ်ငန်းဆိုင်ရာ ပိုမိုကျွမ်းကျင်စေရေး။
(၃)တိုးတက်သောလူ့အဖွဲ့အစည်းဖြစ်ရန်၊ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကလေးသူငယ်များ အကျင့်စရိုက် ပျက်စီးမှုလျှော့နည်းစေ ရန် နှင့် မိခင်နှင့်ကလေးကျန်းမားရေးဆိုင်ရာ။

(၁) စီမံခန့်ခွဲရေးဆိုင်ရာအဖွဲ့သည် နှစ်စဉ် လုပ်ဆောင်ချက်အစီရင်ခံစာများ ကိုဘုတ်ဒါရိုက်တာ အဖွဲ့သို့အစီရင်ခံတင်ပြသွားမည်ဖြစ်သည်။CSR စီမံကိန်း ၊ လုပ်ဆောင်မှုများကို ထိထိရောက်ရောက် စီမံခန့် ခွဲမှုလုပ်ငန်း နှင့်အတူ ဆောင်ရွက် သွားမည်ဖြစ်သည်။ စီမံခန့် ခွဲအုပ်ချုပ်ရေးအဖွဲ့သည်ကုမ္ဂဏီ၏ CSR ဆိုင်ရာ ရည်မှန်းချက် ပြည့်မှီအောင် အောက်ပါ အခန်းကဏ္ဍ များကို ဆောင်ရွက်သွားမည်ဖြစ်သည်။
(၁) ဆောင်ရွက်ရန်ဖော်ပြထားသော CSR မှုဝါဒများကို စိစစ်ခြင်းနှင့် ပြီးမြောက်အောင်ဆောင်ရွက်ခြင်း ၊ CSR ဆိုင်ရာကို အစပြုဆောင်ရွက်ခြင်း၊ ပွင့်လင်း မြင်သာမှုရှိစေ ရန် စိစစ် လုပ်ဆောင်သွားမည်။
(၂) CSR ဆိုင်ရာ ဆောင်ရွက်ရာတွင် အသုံးစရိတ်များ အတွက် ငွေကြေးရန်ပုံငွေများအားထောက်ခံမှုပြုပေးခြင်း။
(၃) စီမံကိန်းများကို စနစ်တကျပုံဖော်ခြင်း၊ အစီစဉ်များ ၊ လုပ်ဆောင်ချက်များ တင်ပြပေးခြင်းနှင့် CSR ဆောင်ရွက်ချက်များအတွက် ကုန်ကျမှုပမာဏ တွက်ချက် ပေးခြင်း ။
(၄) CSR လုပ်ဆောင်မှု အခြေအနေ နှင့် MFI မှ ပါဝင်လှူဒါန်းမှု များအား နှစ်စဉ် ဘုတ်အဖွဲ့သို့ အစီရင်ခံတင်ပြခြင်း ။
(၅) CSR အရာရှိ နှင့်အတူ လိုက်လံလည်ပတ်စစ်ဆေး ပြီး ၊ CSR ဆိုင်ရာငွေကြေးရန်ပုံငွေများကို သင့်လျော်၍အကျိုးရှိရှိ လုပ်ဆောင်ရန် နှင့် ပုံမှန်တိုးတက်ရန် သေချာလုပ်ဆောင်ရန်။
(၆) သုံးလ လုပ်ငန်းလည်ပတ်မှု ၊ တိုးတက်မှု များကို လစဉ် လကုန်၍ ရက် ၃၀ အတွင်း အစီရင်ခံတင်ပြရန် ၊ ထိုသို့တင်ပြရာတွင် စုပေါင်းအသုံးစရိတ်များကို တပါတည်း တင်ပြရန်ဖြစ်သည်။
(၂) MFI သည်မူဝါဒကို ၎င်း၏ websit ပေါ်တွင်ဖော်ပြမည်။ ထို့အပြင် MFI မှဆောင်ရွက်သော CSR လုပ်ဆောင်ချက်များကို အသေးစိတ်အစီရင်ခံတင်ပြခြင်း နှင့် CEO ၏နှစ်စဉ် အစီရင်ခံတင်ပြခြင်းတွင် ထည့်တွင်းဖော်ပြသွားမည်။ စီမံခန့်ခွဲရေးအဖွဲ့သည် CSR ရာထားချက်များမြင့်တင်လုပ် ဆောင်ရန် နှင့် တိုးတက်မှုများကို အကဲဖြတ်ခြင်း ပြုလုပ်ရန်အတွက် အခြားအကျိူးဆောင်းအဖွဲ့များနှင့် တွေ့ဆုံခြင်းများလုပ်ဆောင်နိုင်သည်။

ပညာရေး

ဤကဏ္ဍတွင် အခြားသောအဖွဲ့အစည်းများနှင့် အတူပူးပေါင်းလုပ်ဆောင်ပြီး မူလတန်း၊အလယ်တန်း၊ ပုံမှန် ကျောင်း ပညာရေးဝန်ဆောင်မှု၊ ကျောင်းပြင်ပ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ စာရေးစာဖတ် သင်တန်း၊ ပညာရည်ချွန်ထောက်ပံ့ခြင်း၊ စသောကဏ္ဍများ ပါဝင်မည်ဖြစ်သည်။ ၎င်းအစီစဉ်တွင်ထောက်ပံ့ခြင်း၏ အဓိကရည်ရွယ်ချက်သည် အခြေခံစာတတ်မြောက်ရေး၊ အသက်မွေးဝမ်းကြောင်း သင်တန်းများ ဆောင်ရွက်နိုင်ရန်၊ ပညာတတ် လူ့အဖွဲ့စည်းများဖြစ်ရန်နှင့် ပညာရေး ဗဟိုပြုသည့် လူ့အဖွဲ့ စည်း ဖြစ်လာရန်ရည်ရွယ်ခြင်းဖြစ်သည်။

လူ့အဖွ့ဲအစည်းဖွံ့ဖြိုးတိုးတက်ရေး

ဤကဏ္ဍတွင် အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်များ၊ အမျိုးသမီးများနှင့်ကလေးသူငယ်များဆိုင်ရာ စားဝတ်နေရေး နှင့်ပြန်လည်ထူထောင်ရေး၊ ဆင်းရဲနည်းပါးမှု လျှော့နည်းစေရေး၊ အသက်အရွယ်ကြီး၍ စီးပွားရေးလုပ်ငန်းများ တွင်အခွင့်အရေးနည်းပါး သူများအတွက် လိုအပ်သောအရာများကိုပြင်ဆင်ပေးခြင်း။

ကလေးသူငယ်များအားကူညီစောင့်ရှောက်ခြင်း

ဤကဏ္ဍတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး မှီခိုရာမဲ့လမ်းပေါ်ရောက်နေသော ကလေးများ ပြန်လည်ထူထောင်ရေး၊ မိဘမဲ့ကလေးများနှင့် ဆင်းရဲ နွမ်းပါးသော ကလေးများအား ပြုစုပျိုးထောင်ပေးခြင်း နှင့် နွေးထွေးလုံခြုံသော လူ့အသိုင်းအဝိုင်းတွင် ရှင်သန်နိုင်ရန် ဆောင်ရွက်ပေးခြင်းများစသည့် လုပ်ဆောင် မှုများ ပါဝင်သည်။

အမျိူးမျိုးသော ကိုယ်ရည်ကိုယ်သွေးရှိသူများ

ဤကဏ္ဍတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကာယပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော သောကလေးများနှင့် အရွယ်ရောက် လူငယ်များ ပြန်လည်ထူထောင်ရေး၊ အဖွဲ့အစည်များ၏ ပြင်ပတွင် အလုပ်အကိုင်ဆိုင်ရာသင်တန်းများ ပြုလုပ်ပေးခြင်းနှင့် တစ်ဦးချင်းစီ၏ စိန်ခေါ်မှု တစ်ရပ်ဖြစ်သော ကိုယ်ထူကိုယ်ထကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တွန်းအားပေးခြင်းများ နှင့် အဖွဲ့အစည်းများတွင် အဖွဲ့ဝင်များ ဖြစ်လာရန်ဆောင်ရွက်ပေးခြင်းများပါဝင်သည်။

ကျန်းမာရေးစောင့်ရှောက်ခြင်း နှင့် ကျန်းမာရေးအတွက်ဆောင်ရွက်ချက်များ

ဤကဏ္ဍတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကျန်းမာရေးအတွက်ဆောင်ရွက်ခြင်းများ၊ ကျန်းမာရေးစောင့်ရှောက်ခြင်းဆိုင်ရာ အစပျိုးခြင်းများ ၊ အသိပညာပေး အစီစဉ်များနှင့် အခြေခံလိုအပ်ချက်များကို ထောက်ပံံ့ပေးခြင်း ၊ အထူးလိုအပ်သော ဆေးဝါးဆိုင်ရာ နှင့် အသုံးအဆောင်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ကူညီထောက်ပံ့ပေးခြင်းများပါ ဝင်သည်။

If you have any query for related loans ... We are available

Contact us!