Hayman Microfinance in Myanmar

Terms & Conditions

ချေးငွေပမာဏ၃၅၀,၀၀၀ မှ ၅၀၀,၀၀၀ – ကျပ်
ချေးငွေကာလ၁၂ လ
နှစ်စဉ်အတိုးနှုန်း၂၈ ရာခိုင်နှုန်း (တိုး၊ရင်းလျှော့လက်ကျန် စနစ်)
အုပ်စုအဖွဲ့ဝင်ဦးရေအနည်းဆုံး ၃ ဦး မှ အများဆုံး ၈ ဦး
ချေးငွေရယူခြင်းအတွက် ဝန်ဆောင်ခထုတ်ချေးငွေပမာဏ၏ ၂ ရာခိုင်နှုန်း (တစ်ကြိမ်သာပေးသွင်းရန်)
အဖြစ်မနေစုငွေထုတ်ချေးငွေပမာဏ၏ ၃ ရာခိုင်နှုန်း
လူမှုဖူလုံရေးကြေးထုတ်ချေးငွေပမာဏ၏ ၁ ရာခိုင်နှုန်း
ချေးငွေရယူခြင်းအတွက် အပေါင်ပစ္စည်းပေးရန်မလို
ချေးငွေပေးသွင်းခြင်းအကြိမ်ရေစနစ်လစဉ်ပုံမှန်အရစ်ကျပေးသွင်းရန်(အတိုးနှုန်းအားစာရင်းလက်ကျန်အတွက်သာပေးသွင်းရန်)

Requirements

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်အမြဲတမ်းနေထိုင်သူဖြစ်ပြီးလက်ရှိသက်တမ်းရှိသောနိုင်ငံသားစီစစ်ရေးကဒ်ကိုင်ဆောင်ထားသူဖြစ်ရမည်။
  • လက်ရှိအကျိုးအမြတ်ရနေသော စီးပွားရေး လုပ်ငန်းပိုင်ဆိုင်သူဖြစ်ရမည် ၊ ၎င်းလုပ်ငန်းသည် အနည်းဆုံး ၃ လဆက်တိုက် လုပ်ငန်းလည်ပတ်မှု ရှိနေရမည်။
  • လက်ရှိတွင် ချေးငွေပြန်လည်ပေးသွင်းရန်အတွက် ဝင်ငွေရရှိသောခိုင်မာသည့်အရင်းအမြစ်ရှိရမည်။
  • ၎င်းငွေချေးသူသည် မိမိလက်ရှိနေထိုင်သည့် လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းတွင် အနည်းဆုံး ၁၂ လမျှနေထိုင်သူဖြစ်ရမည်။
  • လက်ရှိလုပ်ငန်းစီမံဆောင်ရွက်နေမှု သတင်းအချက်အလက်များကို ပြည့်စုံစွာတင်ပြပေးရမည်။

Advantages

  • ချေးငွေလျှောက်ထားရာ၌ လုပ်ဆောင်မှု မြန်ဆန်ခြင်းနှင့် စာရွက်စာတမ်း ဆိုင်ရာလုပ်ဆောင်မှု နည်းပါးခြင်း(ဆုံးဖြတ်ချက်အတည်ပြုပြီး ၁ ပါတ်အတွင်းချေးငွေထုတ်ပေးခြင်း)
  • ကျေနပ်အားရဖွယ်ရှိသောအတိုးနှုန်းများ
  • အပေါင်ပစ္စည်းပေးရန်မလိုခြင်း
  • အပိုကြေးများပေးရန် မလို (ဥပမာ- စာရင်းဖွင့်ရန် ၊ ငွေသားထုတ်ပေးခြင်း ၊ ရာဖြတ်လုပ်ဆောင်ခြင်းနှင့် ပိုင်ဆိုင်မှု ပစ္စည်းအာမခံထားခြင်း)
  • မိမိကြိုက်နှစ်သက်ရာချေးငွေကာလ အခြေအနေများကိုရွေးချယ် ပူးပေါင်းဆောင်ရွက်နိုင် ပြီးချေးငွေအခြေအနေအစဉ်အမြဲ တိုးတက်ကောင်းမွန်အောင် ပူးပေါင်း လုပ်ဆောင်ခြင်းများ

ချေးငွေဝန်ဆောင်မှုများ

ကျွနု်ပ်တို့၏တာဝန်သည် သင့်အတွက် ငွေကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုကို ရွေးချယ်ရာ၌ သင့်အတွက် အခွင့်အရေးတစ်ခုဖန်တီးပေးရန်အတွက်သည် ကျွနု်ပ်တို့၏တာဝန်ဖြစ်သည်။

ဟေမာန်ကက်ပီတယ် ကုမ္ပဏီလီမိတက်သည် အခြားအဖွဲ့အစည်းနှင့် မတူသော ခြားနားသည့် အဖွဲ့အစည်းဖြစ်သည်။ ထိုသို့ခြားနားခြင်းမှာ ကျွန်ုပ်တို့သည် ချေးငွေဝန်ဆောင်မှုများကို အမြဲတမ်းကောင်းမွန်အောင် ဆောင်ရွက်ထားရှိပြီး ငွေချေးဖောက်သည်များအတွက် ပိုမိုလွယ်ကူစွာ သက်တောင့်သက်သာဖြင့် ဝန်ဆောင်မှုအားရရှိနိုင်ရန် ပြုလုပ်လျှက်ရှိသည်။ သို့ဖြစ်ပါ၍ သင့်စီးပွားရေး တိုးတက်အောင်မြင်ရန်အတွက် မှန်ကန်သည့် ငွေကြေး အထောက်အပံ့ တစ်ခုကို ရယူရန် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုကို ရွေးချယ်မည်ဆိုပါက သင့်အနေဖြင့် ဟေမာန်ကက်ပီတယ် ကုမ္ပဏီလီမိတက်ကိုအစဉ်သဖြင့် ရွေးချယ် နိုင်ပါသည်။

အဘယ်ကြောင့်နည်း?

အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့၏ချေးငွေဝန်ဆောင်မှုသည ်အကောင်းဆုံး အရည်အသွေး ပြည့်ဝသော အသွင်အပြင်များဖြင့် ပြည့်စုံ လျှက်ရှိသည်။ ၎င်းအပြင် ကျွန်ုပ်တို့၏ ရုံးခွဲများမှလည်း အထက်တန်းဝန်ဆောင်မှု များဖြင့် အမြဲတမ်း ဝန်ဆောင်မှုများ ပေးလျှက်ရှိသည်။

If you have any query for related loans ... We are available

Contact us!