Branch Manager

ပဲခူး (ပဲခူးတိုင်း) full_time
full_time

Vacancies

1

Experience

5+ years

Deadline

Mar 30, 2026

Job Description

ရုံးခွဲ၏ Operation ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ဦးဆောင်၍ စီမံခန့်ခွဲရမည့် ရာထူးအမျိုးအစား ဖြစ်ပါသည်။

Responsibilities

  • ရုံးခွဲလုပ်ငန်းဆောင်တာများ အဆင်ပြေလည်ပတ်နိုင်ရန် မူဝါဒများ၊ နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများကို သုံးသပ်ခြင်း (သို့) အသစ်မွမ်းမံပြင်ဆင်ရန် တင်ပြခြင်း
  • ပြဿနာများ ရှိ၊မရှိ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ခြင်း (အနည်းဆုံး တစ်ပတ်၃ရက်) ။ အကယ်၍ ပြဿနာတစ်စုံတစ်ရာရှိပါက ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အထက်အရာရှိသို့ အစီရင်ခံတင်ပြခြင်း။
  • ကွင်းဆင်းစစ်ဆေးစဉ် Repayment Sheet, Saving Pass bookစသည်တို့ကိုစစ်ဆေးပြီး ကွင်းဆင်းစစ်ဆေးမှုတစ်ကြိမ်လျှင် အနည်းဆုံး အုပ်စုတစ်စုအား 100% မှန်ကန်စွာ စစ်ဆေးရန်။
  • ငွေကြေးဆိုင်ရာ မသမာမှုများတွေ့ရှိပါက ချက်ချင်းအရေးယူဆောင်ရွက်ရန်နှင့် လိုအပ်ပါက တရားဥပဒေအရ အရေးယူမှုများ ဆောင်ရွက်ရန်။
  • ရုံးခွဲများနှင့် ဝန်ထမ်းများ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် ရလဒ်များကောင်းမွန်စေရန် ကြီးကြပ်ဆောင်ရွက်ခြင်း။
  • Group meeting များပုံမှန်ပြုလုပ်ခြင်းနှင့် Repaymentနှင့် Savingsများအား ပုံမှန်ကောက်ခံမှုများပြုလုပ်ခြင်း၊ ငွေရရှိမှု ၁၀၀%သေချာမှုရှိစေခြင်း။
  • အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ လေ့ကျင့်ရန်လိုအပ်ချက်များကို ဆန်းစစ်ပြီး အထက်အရာရှိသို့ တင်ပြခြင်း။
  • အလားအလာရှိသော ဖောက်သည်များအား Trainingများပေးခြင်းဖြင့် စုငွေနှင့်ချေးငွေ ဝန်ဆောင်မှုများအား promoteလုပ်နိုင်ရန် အစီစဉ်များချမှတ်လုပ်ဆောင်ခြင်း။
  • ငွေကြေးများစီမံခန့်ခွဲမှု၊ ရုံးခွဲများအကြား ငွေလွှဲပြောင်းမှုများအား အချိန်မီလုပ်ဆောင်ပေးခြင်း။
  • အပတ်စဉ်၊ လစဉ်အလိုက် Reportsများစီစစ်ခြင်းနှင့် ဝန်ထမ်းများအား ရလဒ်များအပေါ် သုံးသပ်အကြံပြုခြင်း။
  • အပတ်စဉ်၊ လစဉ်နှင့် ၃လတစ်ကြိမ် အစည်းအဝေးများ ပြုလုပ်ခြင်းနှင့် တိုးတက်မှုရလဒ်များအား စီစစ်ခြင်း၊ အကြံပြုခြင်း။
  • Auditorsများနှင့် ပူးပေါင်းဆောင်ရွက်၍ လိုအပ်ပါက ကူညီဖြေရှင်းမှုများပြုလုပ်ခြင်း။

Requirements

  • ဘွဲ့ရရှိပြီးသူ
  • အသေးစားငွေကြေးလုပ်ငန်းများတွင် Branch Managerအတွေ့အကြုံ အနည်းဆုံး၅နှစ် ရှိသူ ဖြစ်ရမည်။
  • လူမှုဆက်ဆံရေးအထူးကောင်းမွန်သူ။
  • အချက်အလက်များကို စနစ်တကျစစ်ဆေးနိုင်ပြီး Analytical Skillကောင်းမွန်ရမည်။
  • အသေးစိတ်အာရုံစိုက် လုပ်ဆောင်နိုင်သောသူဖြစ်ရမည်။
  • Microsoft Office Tools (အထူးသဖြင့် Excel & PowerPoint) ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
  • လိုအပ်ပါက ခရီးသွားလာနိုင်သူ ဖြစ်ရမည်။

Benefits

လစဉ် Bonus/ Incentive များ ရရှိနိုင်သည့် အခွင့်အရေးများရှိခြင်း
Mobile Phone Allowance များ လစဉ် ရရှိခြင်း
လုပ်ငန်းစွမ်းဆောင်ရည်မြှင့် Training များ စီစဉ်ပေးခြင်း
နေထိုင်ရန် အခက်အခဲရှိနေသည့် ဝန်ထမ်းများအတွက် နေစရိတ်/ အဆောင် စီစဉ်ပေးခြင်း
ရုံးချိန် မနက် ၈ နာရီခွဲမှ ညနေ ၅ နာရီ ဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့ များ နှင့် အစိုးရရုံးပိတ်ရက်များ၌ ပိတ်ရက်များ ရရှိခြင်း
လုပ်ငန်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် မော်တော်ဆိုင်ကယ်၊ ဆိုင်ကယ်ဦးထုတ်၊ Mobile Device၊ အစရှိသည်များကိုလည်း စီစဉ်ပေးခြင်း

Ready to Apply?

Submit your application before the deadline

Apply for this Position

Deadline: March 30, 2026