Credit Team Leader

ပဲခူး (ပဲခူးတိုင်း) ၊ တံတားဦး (မန္တလေးတိုင်း) ။ full_time
full_time

Vacancies

2

Experience

3+ years

Deadline

Mar 06, 2026

Job Description

ရုံးခွဲ၏ Operation ကောင်းမွန်စွာ လည်ပတ်နိုင်ရန် Branch Manager ၏ ဦးဆောင်မှုပေါ် လိုက်နာ၍ စီမံခန့်ခွဲရမည့် ရာထူး အမျိုးအစား ဖြစ်ပါသည်။

Responsibilities

  • ချေးငွေထုတ်ချေးခြင်းလုပ်ငန်းစဉ်များကို ကုမ္ပဏီ၏ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး ကြီးကြပ်ကွပ်ကဲနိုင်သူဖြစ်ရမည်။
  • ချေးငွေအဆိုပြုလွှာများ၊ အတိုးနှုန်းတွက်ချက်မှု၊ ပြန်ဆပ်နည်း၊ အပေါင်ပစ္စည်းခွဲခြမ်းစိတ်ဖြာမှုနှင့် ချေးငွေလျှောက်လွှာဖောင်ဖြည့်ခြင်းတို့ကို စစ်ဆေးအတည်ပြုနိုင်ရမည်။
  • ချေးငွေလျှောက်ထားသူများ၏ နောက်ခံအခြေအနေ၊ စရိုက်လက္ခဏာနှင့် ပြန်ဆပ်နိုင်စွမ်းကို စိစစ်နိုင်ရမည်။
  • ချေးငွေအရာရှိများ ခွင့်ပြုချက်မရှိဘဲ စာချုပ်စာတမ်းများ ပြုလုပ်ခြင်း မရှိစေရေး ကြီးကြပ်နိုင်ရမည်။
  • ပျက်ကွက်ချေးငွေများ ပြန်လည်သိမ်းဆည်းရေးအတွက် စီမံချက်ချအကောင်အထည်ဖော်နိုင်ရမည်။
  • သတ်မှတ်ကာလအတွင်း အသင်းသားများ၏ ပေးဆောင်ရန်ကျန်ငွေများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရမည်။
  • ချေးငွေဆိုင်ရာ စာရွက်စာတမ်းများ စနစ်တကျရှိစေရေး စီမံဆောင်ရွက်နိုင်ရမည်။
  • ငွေချေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်နိုင်ရမည်။
  • ချေးငွေအရာရှိများအား ချေးငွေလုပ်ထုံးလုပ်နည်း၊ စည်းကမ်းများကို လေ့ကျင့်သင်ကြားပေးနိုင်ရမည်။
  • ဝန်ထမ်းများ၏ အားနည်းချက်များကို ဖော်ထုတ်ဖြည့်ဆည်းပေးပြီး လေ့ကျင့်မှုများမှတစ်ဆင့် အရည်အချင်းမြှင့်တင်ရန် အားပေးနိုင်ရမည်။
  • စျေးကွက်လိုအပ်ချက်ကို လေ့လာသုံးသပ်ပြီး ကုမ္ပဏီ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အသင်းသားများသိရှိစေရန် စျေးကွှက်မြှင့်တင်ရေးတွင် ပူးပေါင်းပါဝင်နိုင်ရမည်။
  • လုပ်ငန်းခွင်အတွင်း ပြဿနာများပေါ်ပေါက်ပါက ချက်ချင်းဖြေရှင်းဆောင်ရွက်ပြီး မိမိ၏တိုက်ရိုက်ကြီးကြပ်ရေးမှူးထံ အစီရင်ခံနိုင်ရမည်။

Requirements

  • ဘွဲ့ရရှိပြီးသူ
  • အသေးစားငွေကြေးလုပ်ငန်းများတွင် Deputy Branch Manager (သို့မဟုတ်) Team Leader ရာထူး ဖြင့် အတွေ့အကြုံ အနည်းဆုံး ၃နှစ် ရှိသူ ဖြစ်ရမည်။
  • လူမှုဆက်ဆံရေးအထူးကောင်းမွန်သူ။
  • အချက်အလက်များကို စနစ်တကျစစ်ဆေးနိုင်ပြီး Analytical Skillကောင်းမွန်ရမည်။
  • အသေးစိတ်အာရုံစိုက် လုပ်ဆောင်နိုင်သောသူဖြစ်ရမည်။
  • Microsoft Office Tools (အထူးသဖြင့် Excel & PowerPoint) ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
  • လိုအပ်ပါက ခရီးသွားလာနိုင်သူ ဖြစ်ရမည်။

Benefits

လစဉ် Bonus/ Incentive များ ရရှိနိုင်သည့် အခွင့်အရေးများရှိခြင်း
Mobile Phone Allowance များ လစဉ် ရရှိခြင်း
လုပ်ငန်းစွမ်းဆောင်ရည်မြှင့် Training များ စီစဉ်ပေးခြင်း
နေထိုင်ရန် အခက်အခဲရှိနေသည့် ဝန်ထမ်းများအတွက် နေစရိတ်/ အဆောင် စီစဉ်ပေးခြင်း
ရုံးချိန် မနက် ၈ နာရီခွဲမှ ညနေ ၅ နာရီ ဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့ များ နှင့် အစိုးရရုံးပိတ်ရက်များ၌ ပိတ်ရက်များ ရရှိခြင်း
လုပ်ငန်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် မော်တော်ဆိုင်ကယ်၊ ဆိုင်ကယ်ဦးထုတ်၊ Mobile Device၊ အစရှိသည်များကိုလည်း စီစဉ်ပေးခြင်း

Ready to Apply?

Submit your application before the deadline

Apply for this Position

Deadline: March 06, 2026